
မန်ယူအသင်းဆီကို ပြောင်းရွှေ့နိုင်ခဲ့တာက အခွင့်အရေးတခုဖြစ်ကြောင်း နောက်ခံလူ ပတ်ထရစ် ဒေါ်ဂူက ပြောသွားပါတယ်။
အသက် ၂၀ နှစ်ပဲရှိသေးတဲ့ ဒိန်းမတ်လက်ရွေးစင် နောက်ခံကစားသမားဟာ ဇန်နဝါရီ ၁ ရက် စနေနေ့က မန်ယူအသင်းဆီ ရောက်ရှိလာခဲ့ပြီး ဆေးစစ်မှုတွေ အပါအဝင် တခြားအပြီးသတ်ကိစ္စတွေ လုပ်ဆောင်ခဲ့တာပါ။
မန်ချက်စတာကို မထွက်ခွာခင် လေဆိပ်ကို ရောက်ရောက်ချင်းမှာပဲ မန်ယူအသင်းဆီ ပြောင်းရွှေ့ခွင့်ရတဲ့အပေါ် အခွင့်အရေးတခုဖြစ်ကြောင်း စကိုင်းစပေါ့ရဲ့ မေးမြန်းမှုအပေါ် ဒေါ်ဂူက ပြန်လည်ဖြေကြားခဲ့တာပါ။
မန်ယူအသင်းဟာ ဒေါ်ဂူအတွက် ထပ်ဆောင်းပေးချေရနိုင်တဲ့ ပမာဏအပါအဝင် ပေါင်သန်း ၃၀ နဲ့ ခေါ်ယူနိုင်ခဲ့တာပါ။
အရပ် ၆ ပေ ၂ လက်မအမြင့်ရှိသူ ဒိန်းမတ်လက်ရွေးစင်ဟာ နည်းပြအာမိုရင်ရဲ့ ကစားကွက်မှာ ဘယ်တောင်ပံတလျှောက် အတက်၊ အဆင်း လျင်မြန်စွာနဲ့ ကစားနိုင်လိမ့်မယ်လို့ ချီးကျူးခံထားရသူ ဖြစ်ပါတယ်။