
မန်ယူနောက်ခံလူသစ် ပတ်ထရစ်ဒေါ်ဂူဟာ အသင်းရဲ့လုပ်ခအနည်းဆုံးက စားသမားစာရင်းမှာ ပါဝင်နေပါတယ်။
ဒိန်းမတ်လက်ရွေးစင် ဘယ်စွန်ကစားသမားဟာ အီတလီကလပ် လက်ချီကနေ ပေါင် ၂၅ သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့လာသူပါ။
ကစားသမားသစ် ဒေါ်ဂူရဲ့ လုပ်ခလစာဟာ မန်ယူအသင်းသားတွေထဲမှာ အနည်းဆုံး စာရင်းဝင်ခဲ့တာပါ။
တပတ်လုပ်ခ ပေါင် ၄၀၀၀၀ သာ ရရှိတဲ့ ဒေါ်ဂူဟာ အရန်ဂိုးသမား တွန်ဟတ်တန်နဲ့ နောက်ခံလူ ဂျွန်နီအီဗန်တိုထက်လည်း နည်းပါးတယ်လို The Athletic သတင်းမှာ ဖော်ပြပါတယ်။
မန်ယူအသင်းမှာ ကွင်းလယ်လူ ကတ်စမီရိုနဲ့ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်တို့က တပတ်လုပ်ခ ပေါင် ၃ သိန်းခွဲနဲ့ ၃ သိန်းစီ အသီးသီးရရှိနေကြတာပါ။
မန်ယူအသင်းဟာ ဘယ်နောက်ခံလူ လုခ်ရှော ဒဏ်ရာရနေတာကြောင့် ဘယ်တောင်ပံတလျှောက် အတက်၊ အဆင်း မြန်မြန်နဲ့ ကစားနိုင်တဲ့ ပတ်ထရစ်ဒေါ်ဂူကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။