
လာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ ကြိုးပမ်းမယ့် နောက်တန်း ခံစစ်မှူး ၃ ယောက်ရဲ့ စာရင်းမှာ အင်္ဂလန်နဲ့ အဲဗာတန်နောက်ခံလူ ဘရန့်ဝိလည်း ပါဝင်နေပါတယ်။
မက်ဒရစ်ကလပ်ဟာ ဒဏ်ရာပြဿနာတွေရှိတဲ့ ခံစစ်ပိုင်းကို ပြုပြင်ပြောင်းလဲသွားဖို့ လုပ်ဆောင်နေပြီး ခံစစ်မှူး ၃ ယောက်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။
အဲဒီထဲမှာ အင်္ဂလန်နဲ့ အဲဗာတန်နောက်ခံလူ ဂျရတ်ဘရန့်ဝိလည်း ပါဝင်နေပြီး အဲဗာတန်အသင်းက ပေါင် ၇၅ သန်း သတ်မှတ်ထားပါတယ်။
ဘရန့်ဝိအတွက် မန်ယူအသင်းက ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းခဲ့ဖူးပေမဲ့ အဲဗာတန်အသင်းဘက်က လက်မခံခဲ့တာပါ။
အသက် ၂၂ နှစ်ရှိ အင်္ဂလန်နောက်ခံလူဟာ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေပြီး အဲဗာတန်ဘက်က သတ်မှတ်ဈေးရမယ်ဆိုရင် ရောင်းချဖို့ ရှိပါတယ်။
မက်ဒရစ်ဘက်က ခေါ်ယူဖို့ ပစ်မှတ်ထားတဲ့ နောက်ထပ် ခံစစ်မှူး ၂ ယောက်ကတော့ လီဗာပူး နောက်ခံလူ ကိုနာတေးနဲ့ ဘုန်းမောက်က အသက် ၁၉ နှစ်အရွယ် စပိန် ခံစစ်မှူး ဒီးဟော့ဆင်တို့ ဖြစ်ကြပါတယ်။