
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေဟာ ဂိုးပါဝင်ပတ်သက်မှု ၅၀၀ ကျော်တဲ့ အသက် အငယ်ဆုံး ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
အခုနှစ်ရာသီအစကမှ ပီအက်စ်ဂျီကနေ ပြောင်းရွှေ့လာတဲ့ အမ်ဘာပေဟာ မျှော်လင့်သလောက် ခြေစွမ်းမပြနိုင်ဘူးဆိုတဲ့ ဝေဖန်သံတွေရှိပေမဲ့ သူ့အသက်အရွယ်မှာ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ မလုပ်ဆောင်နိုင်ခဲ့တဲ့ စံချိန်တခုကို လုပ်ဆောင်နိုင်ခဲ့တာဖြစ်ကြောင်း မီဒီယာတွေက ချီးကျူးရေးသားကြပါတယ်။
Transfer Market ရဲ့ ဖော်ပြချက်အရ အမ်ဘာပေဟာ အသက် ၂၆ နှစ် အရွယ်မှာပဲ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း ၅၁၆ ဂိုးရှိသွားတာဖြစ်ပြီး ဂိုးပါဝင်ပတ်သက်မှု ၅၀၀ ကျော်တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းကောင်း ရယူနိုင်ခဲ့တာပါ။
ပြင်သစ်တိုက်စစ်မှူးဟာ လာလီဂါပြိုင်ပွဲမှာလည်း သွင်းဂိုး ၁၇ ဂိုးရရှိထားပြီး ဂိုး ၂၀ သွင်းထားတဲ့ ဘာစီလိုနာ တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။