
ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ကွင်းလယ်ဒိုင်ကို ဆဲဆိုပြစ်တင်ခဲ့တဲ့အတွက် အနီကတ်ပြသခံခဲ့ရပြီး ၁၂ ပွဲပယ်ပြစ်ဒဏ်ပါ ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။
အိုဆာဆူနာနဲ့ တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာ အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်က ကွင်းလယ်ဒိုင်ကို ဆဲဆိုခဲ့တာကြောင့် တိုက်ရိုက်အနီကတ် ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။
စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းမျဉ်းအရ ကစားသမားတယောက်ဟာ ဒိုင်လူကြီးတွေအပါအဝင် ပြိုင်ပွဲတာဝန်ရှိသူတွေကို ဆဲဆို၊ စော်ကားတာမျိုး လုပ်ခဲ့မယ်ဆိုရင် ၄ ပွဲကနေ ၁၂ ပွဲအထိ ပွဲပယ် ချမှတ်နိုင်ပါတယ်။
ရီးရဲလ်နည်းပြ အန်စလော့တီကတော့ ကွင်းလယ်ဒိုင်ဟာ ဘယ်လင်ဂမ်ရဲ့ အင်္ဂလိပ်စကားကို နားမလည်တာဖြစ်ကြောင်း ဘယ်လင်ဂမ်က ဒိုင်လူကြီးကို ဆဲဆိုတာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆဲဆိုတာမျိုးဖြစ်ကြောင်း ရှင်းလင်းထားပါတယ်။