ကမ္ဘာ့တန်ဖိုးအရှိဆုံး ကစားသမားစာရင်း ထုတ်ပြန်ခဲ့ရာမှာ အင်္ဂလန်နဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဘယ်လင်ဂမ်က နံပါတ်တစ်နေရာမှာ ရပ်တည်နေပါတယ်။
ဘယ်လင်ဂမ်အနေနဲ့ မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို ကျော်ဖြတ်ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကစားသမား ဖြစ်လာခဲ့တာပါ။
ဒီစာရင်းကို CIES လို့ခေါ်တဲ့ ဘောလုံးအချက်အလက်ကုမ္ပဏီက ထုတ်ပြန်ခဲ့တာပါ။ ပေါင် ၂၀၉ သန်း တန်ကြေး သတ်မှတ်ခံရတဲ့ ဘယ်လင်ဂမ်နဲ့ ပေါင် ၁၈၄ သန်း တန်ကြေးရှိ ဟာလန်းတို့ရဲ့ နောက်မှ ဗင်နီဆီးယက်က ပေါင် ၁၇၁ သန်းနဲ့ တတိယနေရာမှာ ရှိနေပါတယ်။
အဲဒီနောက် ဘာစီလိုနာက လာမိန်းယာမယ်က ပေါင်သန်း ၁၅၀ တန်ကြေးနဲ့ အဆင့် ၄၊ အမ်ဘာပေက ပေါင် ၁၄၆ သန်း တန်ကြေးနဲ့ အဆင့် ၅၊ ဘူကာရိုဆာကာက ပေါင် ၁၃၁ သန်းနဲ့ အဆင့် ၆ နေရာတွေမှာ အသီးသီးရပ်တည်ခဲ့ကြပါတယ်။
ထိပ်ဆုံး ၁၀ ယောက် စာရင်းမှာ လီဗာကူဆင်က ဖလော်ရီယန် ဝစ်ဇ်၊ ကိုးလ်ပါလ်မာ၊ ဖိုဒမ်၊ ရိုဒရီဂို တို့က အစဉ်လိုက် ရပ်တည်ခဲ့ပါတယ်။