ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ သတင်းတွေအပေါ် လီဗာပူးနောက်ခံလူ အာနိုးလ်က ဖြေရှင်းသွားပါတယ်။
အာနိုးလ်ဟာ လီဗာပူးအသင်းမှာ နှစ် ၂၀ ကြာမြင့်နေပြီဖြစ်ပြီး အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့ပြီးဖြစ်လို့ စိန်ခေါ်မှုအသစ်တွေတွက် မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့နိုင်ကြောင်း မီဒီယာတွေက သုံးသပ်ရေးသားခဲ့ကြတာပါ။
အာနိုးလ်ကတော့ လီဗာပူးအသင်းနဲ့ စာချုပ်လက်ကျန်ရှိသေးတာကြောင့် အပြင်မှာထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ သတင်းတွေက မဟုတ်မှန်ကြောင်း ပြောပါတယ်။
လီဗာပူးအသင်းဟာ အာနိုးလ် အပါအဝင် ဗန်ဒိုက်နဲ့ ဆာလာတို့ကိုလည်း သက်တမ်းတိုးဖို့ ကြိုးပမ်းနေတာပါ။
အင်္ဂလန်နောက်ခံလူဟောင်း ဖာဒီနန်ကတော့ လက်ရှိအချိန်ဟာ အာနိုးလ်အတွက် မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ အခွင့်အရေးကောင်းဖြစ်တယ်လို့ သုံးသပ်သွားပါတယ်။