ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်နောက်ခံလူ လူးဝစ်စကယ်လီကို အနီကတ်ပြသခဲ့တဲ့ ဒိုင်လူကြီး မိုက်ကယ်အိုလီဗာဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရပါတယ်။
အာဆင်နယ်နည်းပြ အာတေတာ ကိုယ်တိုင်က ကွင်းလယ်ဒိုင် မိုကယ်အိုလီမာရဲ့ ဆုံးဖြတ်ချက်အပေါ် ပြောပြနေစရာမလိုလောက်အောင် ရှင်းလင်းကြောင်း ပွဲအပြီးမှာ ပြောခဲ့ပါသေးတယ်။
ပရီးမီးယားလိဂ် ဒိုင်လူကြီးအဖွဲ့ချုပ်လို့ ခေါ်ကြတဲ့ PGMOL ဘက်ကတော့ မိုက်ကယ်အိုလီဗာ အပေါ် အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ စော်ကားမှုတွေအပေါ် စိုးရိမ်ထိတ်လန့်မိကြောင်း၊ မိုက်ကယ်အိုလီဗာကို ဆက်လက်ဝန်းရံသွားမှဖြစ်ကြောင်းနဲ့ ခြိမ်းခြောက်ခံရတဲ့အပေါ် စုံစမ်းစစ်ဆေးမယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အာဆင်နယ်ဟာ အနီကတ်ပြသခံခဲ့ရပေမဲ့ ဝုဗ်အသင်းဘက်ကလည်း အနီကတ် ပြသခံခဲ့ရပြီးနောက် နောက်ခံလူ ကလာဖီအိုရီရဲ့ သွင်းဂိုးနဲ့အတူ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။