ဇန်နဝါရီ ၁၈ ရက် မနေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတန်ဗီလာနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ အာဆင်နယ်အသင်းဟာ ချန်ပီယံမျှော်လင့်ချက် ဝေဝါးသွားပါတယ်။
အာဆင်နယ်ဟာ မာတင်နယ်လီ၊ ကိုင်ဟာဗက်ဇ်တို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဝက်ကင်စ်နဲ့ တိုင်လေမန်စ်တို့က ဗီလာအတွက် ချေပဂိုး ၂ ဂိုးပြန်လည်သွင်းယူသွားခဲ့တာပါ။
ပွဲပြီးခါနီးမှာ ကိုင်ဟာဗက်ဇ်က အနိုင်ဂိုးသွင်းယူခဲ့သေးပေမဲ့ VAR က လက်ထိဘောသတ်မှတ်ပြီး ပြန်လည် ပယ်ဖျက်သွားခဲ့လို့ အာဆင်နယ်တို့ နစ်နာခဲ့ရပါတယ်။
အာဆင်နယ်ဟာ ဒီရလဒ်ကြောင့် တဖက်ပွဲစဉ်မှာ နောက်ကျဂိုးတွေနဲ့အနိုင်ရခဲ့တဲ့ လီဗာပူးထက် တပွဲပိုအခြေအနေမှာ ၆ မှတ် ကွာဟသွားပြီး ချန်ပီယံဆု အတွက် အခွင့်အရေး နည်းပါးသွားပြီဖြစ်ပါတယ်။