အာဆင်နယ်အသင်းဟာ စပိန်ကလပ် ဆိုစီဒက်ကွင်းလယ်လူ ဇူဘီမန်ဒီကို ပေါင် ၅၁ သန်းနဲ့ ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။
အာဆင်နယ်ဘက်က လက်ရှိ ဇန်နဝါရီအပြောင်းအရွှေ့မှာ ချက်ချင်း ခေါ်ယူလိုပေမဲ့ ဆိုစီဒက်ဘက်က လာမယ့် နွေရာသီအပြောင်းအရွှေ့ရောက်မှသာ ထွက်ခွါခွင့်ပြုသွားမယ်လို့ သိရပါတယ်။
အသက် ၂၅ နှစ်ရှိ စပိန်လက်ရွေးစင်ကွင်းလယ်လူကို အာဆင်နယ် အပါအဝင် လီဗာပူးနဲ့ မန်စီးတီးအသင်းတွေကပါ အပြိုင်ခေါ်ယူဖို့ ဆန္ဒရှိခဲ့ကြတာပါ။
အာဆင်နယ်အသင်းက ဇူဘီမန်ဒီရဲ့ စာချုပ်ပါလျော်ကြေးဖြစ်တဲ့ ယူရိုသန်း ၆၀ နဲ့ ညီမျှတဲ့ ပေါင် ၅၁ သန်း ပေးချေမှာဖြစ်လို့ နှစ်ဖက်အသင်းကြားမှာ အဆင်ပြေသွားခဲ့တာလို့ သိရပါတယ်။
အာဆင်နယ်မှာ သောမတ်စ်ပါတေးနဲ့ ဂျော်ဂျင်ညိုတို့က အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ သူတို့နေရာအတွက် ဇူဘီမန်ဒီကို ကြိုတင်ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။