မန်ယူနဲ့ပွဲအပြီးမှာ အာဆင်နယ်တိုက်စစ်မှူး ခိုင်ဟာဗက်ဇ်ရဲ့ ဇနီးဖြစ်သူဟာ ပရိသတ်တချို့ရဲ့ ခြိမ်းခြောက်စာပို့တာ ခံခဲ့ရပါတယ်။
လူမှုကွန်ရက်စာမျက်နှာတခုဖြစ်တဲ့ အင်စတာဂရမ် မက်ဆေ့ကနေ ခြိမ်းခြောက်စာပို့ ခံခဲ့ရတာပါ။
ဟာဗက်ဇ်ဟာ မန်ယူနဲ့ပွဲမှာ ပင်နယ်တီရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ အဆုံးသတ်ပိုင်း အားနည်းချက်တွေကြောင့် ဝေဖန်မှုတွေခံခဲ့ရပြီး ပင်နယ်တီအဆုံးအဖြတ်မှာလည်း ဂိုးဝင်အောင် ကန်သွင်းနိုင်ခြင်းမရှိခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်ခံခဲ့ရပါသေးတယ်။
ပရိသတ်တယောက်က “ငါ မင်းတို့ အိမ်လာပြီး မင်းရဲ့ကလေးကို လာသတ်မယ်။ ဒါ ရယ်စရာ ပြောနေတာ မဟုတ်ဘူး။ စောင့်ကြည့်နေ” ဆိုပြီး မက်ဆေ့ချ်ပေးပို့ ခြိမ်းခြောက်စာပို့ခဲ့တာပါ။
ဟာဗက်ဇ်ရဲ့ဇနီးဖြစ်သူ ဆိုဖီယာဝက်ဘာဟာ ကိုယ်ဝန်လွယ်ထားရသူဖြစ်ပြီး “ပျက်ကျဖို့ မျှော်လင့်တယ်” ဆိုတဲ့ စာတိုတစ်စောင်လည်း အပို့ခံခဲ့ရတာပါ။
တယောက်နဲ့ တယောက် လေးစားမှုရှိသင့်ကြောင်းနဲ့ ရှက်စရာကောင်းတဲ့ အပြုအမူတွေ မလုပ်ဆောင်ကြဖို့ ဟာဗက်ဇ်ရဲ့ ဇနီးဖြစ်သူက အင်စတာဂမ်ကနေ ပြန်လည်မျှဝေသွားခဲ့ပါတယ်။