အက်ဖ်အေဖလားတတိယအဆင့် ရှုံးထွက်ပွဲစဉ်မှာ မန်ယူအသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာက မယုံကြည်နိုင်စရာကောင်းကြောင်း အာဆင်နယ်နည်းပြ မီခေးလ်အာတေတာက ပြောသွားပါတယ်။
အာဆင်နယ်အသင်းဟာ မိနစ် ၆၀ လောက် တယောက်အသာနဲ့ ကစားခဲ့ရပေမဲ့ အနိုင်ဂိုး မရခဲ့သလို ပွဲချိန်အတွင်း ပယ်နယ်တီ ရရှိခဲ့တာကိုလည်း အသင်းခေါင်းဆောင်းအိုဒီဂတ် ဝင်အောင် ကန်သွင်းယူနိုင်ခြင်းမရှိခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။။
အချိန်ပိုမှာလည်း ဂိုးမသွင်းနိုင်ခဲ့လို ပင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာ ၅ ဂိုး ၃ ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာပါ။
ပွဲချိန်အတွင်း စွမ်းဆောင်ရည်တွေကို တိုင်းတာကြည့်မယ်ဆို ရှုံးနိမ့်ခဲ့တာက မယုံကြည်နိုင်စရာကောင်းပြီး အာဆင်နယ်ဟာ အနိုင်ရလဒ်နဲ့ ထိုက်တန်တယ်လို့ နည်းပြအာတေတာက ပြောပါတယ်။
ဘောလုံး ဂိုးပိုက်ထဲရောက်မှ ပြိုင်ဘက်အသင်းထက် ပိုကောင်းတဲ့အသင်း ဖြစ်လာမယ်ဆိုတာက အရှိတရားဖြစ်ကြောင်းလည်း နည်းပြအာတေတာက ပြောသွားပါတယ်။