အာဆင်နယ်အသင်းမှာ တိုက်စစ်မှူးသစ် လိုအပ်နေပြီလို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
အက်ဖ်အေဖလား တတိယအဆင့်မှာ မန်ယူအသင်းကို တယောက်အသာနဲ့ ကစားရပေမဲ့ အနိုင်ဂိုးမသွင်းနိုင်ခဲ့ဘဲ ပင်နယ်တီအဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့ရပြီးနောက်မှာ ဝေဖန်မှုတွေ ပိုမိုများပြားလာခဲ့တာပါ။
အာဆင်နယ်မှာ တိုက်စစ်ပိုင်းမှာ လွတ်လွတ်လပ်လပ် ကစားပြီး ပရိသတ်ကို ဖျော်ဖြေမှုပေးနိုင်မယ့် တိုက်စစ်မှူး လိုအပ်နေကြောင်း အသင်းကစားသမားဟောင်း ဝဲကော့က ပြောပါတယ်။
တိုက်စစ်မှူးလိုအပ်တယ်ဆိုတာ ရာသီအစကတည်းက ပြောခဲ့ဖူးပြီး တိုက်စစ်မှူး မခေါ်ယူခဲ့တာက ချန်ပီယံဆုအတွက် ပေးဆပ်သွားရနိုင်ကြောင်း ပရီးမီးယားလိဂ် ဂိုးအများဆုံးတိုက်စစ်မှူးဖြစ်သူ အလန်ရှီးယားက ပြောပါတယ်။
အင်္ဂလန်နောက်ခံလူဟောင်း မီကာရစ်ချက်ကတော့ အာဆင်နယ် ချန်ပီယံဖြစ်၊ မဖြစ်က တိုက်စစ်မှူး ခေါ်၊ မခေါ်အပေါ်မှာ မူတည်နေကြောင်း သုံးသပ်သွားပါတယ်။