
ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့မှာ ဂိုးသွင်းယူနိုင်ဖို့ လုပ်ဆောင်သွားရမယ်လို့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ပြောသွားပါတယ်။
မန်စီးတီးအသင်းဟာ ပထမအကျော့အိမ်ကွင်း ပွဲစဉ်မှာ ၂ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အခုပွဲစဉ်မှာ အနိုင်ရမှသာ နောက်တဆင့် မျှော်လင့်ချက်ရှိမှာပါ။
မက်ဒရစ်နဲ့ ပွဲစဉ်အတွက် အပြီးပြည့်စုံဆုံးနီးပါး စွမ်းဆောင်ရည်ရဖို့လိုအပ်ပြီး တိုက်စစ်ကစားကာ ဂိုးသွင်းယူနိုင်ဖို့လည်း လိုအပ်ကြောင်းနဲ့ မက်ဒရစ်ကွင်းမှာ ရှုံးကောင်းရှုံးနိုင်ပေမဲ့ ရဲရင့်တဲ့ကစားပုံကို ပြသနိုင်ဖို့လိုအပ်ကြောင်း ဂွါဒီယိုလာက ပြောသွားပါတယ်။
ရီးရဲလ်နည်းပြ အန်စလော့တီကတော့ နောက်တဆင့်တက်ဖို့ အနည်းငယ်အားသားချက်ရှိတာ မှန်ပေမဲ့ ရီးရဲလ်အသင်းက အနိုင်ရဖို့ ရေပန်းစားတဲ့အသင်း မဟုတ်ကြောင်း မှတ်ချက်ပေးသွားပါတယ်။