
မန်စီးတီးအသင်းဟာ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဒီဘရိုင်းနေရာအတွက် ဂျာမနီ လက်ရွေးစင်ကြယ်ပွင့် ဖလော်ရီယန်ဝစ်ဇ်နဲ့ အစားထိုးဖို့ ပစ်မှတ်ထားနေပါတယ်။
အသက် ၃၃ နှစ်ရှိ ဘယ်လ်ဂျီယံကစားသမားဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်လို့ အသင်းကနေ ထွက်ခွါဖို့ရှိပါတယ်။
ဒီဘရိုင်းနေရာအတွက် ဂျာမန်ကလပ် လီဗာကူဆင်က ကွင်းလယ်တိုက်စစ် ကစားသမား ဝစ်ဇ်နဲ့ အစားထိုးသွားဖို့ မန်စီးတီးက ဆန္ဒရှိနေတာပါ။
အသက် ၂၁ နှစ်ပဲရှိသေးတဲ့ ဝစ်ဇ်ဟာ လီဗာကူဆင်အတွက် ပြိုင်ပွဲစုံ ၃၅ ပွဲမှာ ၁၅ ဂိုးသွင်း ၁၁ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့ပြီး မနှစ်ကရာသီကလည်း ၁၈ ဂိုးသွင်း ၁၉ ကြိမ် ဂိုးဖန်တီးမှု လုပ်ဆောင်နိုင်ခဲ့သူပါ။
စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေသေးတဲ့ ဝစ်ဇ်အတွက် လီဗာကူဆင်က ပေါင် ၈၅ သန်း သတ်မှတ်ထားပြီး မန်စီးတီးဘက်ကလည်း လာမယ့်ရာသီမစခင် နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူသွားဖို့ အဆင်သင့်ရှိနေတယ်လို့ သိရပါတယ်။