
အင်္ဂလန်တောင်ပံကစားသမား ဂျက်ဂရေးလစ်ရှ်ကို ပွဲထွက်ခွင့်မပေးတဲ့ အကြောင်းအရင်းကို မန်စီးတီးနည်းပြ ဂွါဒီယိုလာက ထုတ်ဖော်ပြောဆိုသွားပါတယ်။
ဂရေးလစ်ရှ်ဟာ အခုနှစ်ရာသီမှာ မန်စီးတီးအတွက် ၁၂ ပွဲသာ ကစားခွင့်ရပြီး ၁၁၉၈ မိနစ်သာ ကစားခဲ့ရတာပါ။
ဂရေးလစ်ရှ်နဲ့ ထိုက်တန်တဲ့ ပွဲချိန်မိနစ်တွေ မပေးရတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း၊ ဒိုကူနဲ့ ဆာဗင်ဟိုတို့ရဲ့ ဒီရာသီစွမ်းဆောင်ရည်တွေက အလွန်ကောင်းမွန်ပြီး ဒီအချက်က ဂရေးလစ်ရှ်ကို အရန်ခုံ ရောက်စေခဲ့ရတာဖြစ်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
ဂရေးလစ်ရှ်အပေါ် ပုဂ္ဂိုလ်ရေးရာခံစားချက်မရှိသလို ယုံကြည်မှုမရှိတာတွေကြောင့်လည်း မဟုတ်ကြောင်း နည်းပြက ပြောပါတယ်။
ဂရေးလစ်ရှ်ဟာ ၂၀၂၁ ခုနှစ်က ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း ၁၀၀ နဲ့ ဗီလာကနေ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။