
မန်စီးတီးအသင်းဟာ အခုနှစ်ဇန်နဝါရီဈေးကွက်ရဲ့ ၅ ယောက်မြောက် ကစားသမားခေါ်ယူမှုအဖြစ် ပေါ်တိုကွင်းလယ်လူ နီကိုဂွန်ဇာလက်ဇ်ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူလိုက်ပါတယ်။
အသက် ၂၃ နှစ်ရှိ စပိန်ကစားသမားဟာ ၂၀၂၃ ခုနှစ်က ဘာစီလိုနာကနေ ပေါ်တိုအသင်းဆီ ပြောင်းရွှေ့ခဲ့သူပါ။
အသက်ငယ်ရွယ်သေးချိန်မှာ အင်္ဂလန်ပရီးမီးယားလိဂ်မှာ လာရောက်စမ်းသပ်ကြည့်ချင်ပြီး မန်စီးတီးအသင်းထက် ပိုကောင်းတဲ့အသင်း မရှိကြောင်း စာချုပ် ချုပ်ဆိုအပြီးမှာ ဂွန်ဇာလက်ဇ်က ပြောပါတယ်။
အသင်းလူစာရင်းဟာလည်း ကမ္ဘာ့အဆင့်ရှိပြီး မန်စီးတီးအသင်းမှာ မကစားချင်တဲ့ ကစားသမားလည်း ရှိမှာမဟုတ်ကြောင်း ဂွန်ဇာလက်ဇ်က ပြောပါတယ်။
အိုမာမာမွတ်ရှ်၊ ဗစ်တာရိစ်၊ ခူဆာနော့ဗ်၊ ဂျူမာဘတ် တို့ကိုလည်းခေါ်ယူထားတဲ့ မန်စီးတီးဟာ အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၁၈၀ အထိ ရှိသွားခဲ့ပါတယ်။
Photo: Reuters