
မန်စီးတီးအသင်းဟာ အခုနှစ်ဇန်နဝါရီအပြောင်းအရွှေ့ရဲ့ ၅ ယောက်မြောက် ကစားသမားခေါ်ယူမှုအဖြစ် နယူးယော့ခ်စီးတီးလူငယ်နောက်ခံလူ ခရစ္စတီယန် မက်ဖာလိန်ကို ခေါ်ယူနိုင်ခဲ့ပါတယ်။
အသက် ၁၈ နှစ်ပဲရှိသေးတဲ့ အင်္ဂလန်ကစားသမားဟာ နယူးယော့ခ်စီးတီးအကယ်ဒမီကနေ ထွက်ပေါ်လာသူဖြစ်ပြီး မန်စီးတီးအသင်းကို တာဝန်ယူနေတဲ့ စီးတီးဘောလုံးအုပ် စုလက်အောက်က အသင်းတသင်းပါ။
မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ခွင့်ရတာက ကြီးမားတဲ့ခြေလှမ်းတခုဖြစ်ပြီး အသင်းရဲ့ အစိတ်အပိုင်းတရပ်ဖြစ်ခွင့်ရလို့ ဂုဏ်ယူမိကြောင်း၊ မိမိရဲ့ အိပ်မက်တွေ အမှန်တ ကယ်ဖြစ်လာခဲ့ပြီဖြစ်ကြောင်း မက်ဖာလိန်က ပြောပါတယ်။
မန်စီးတီးဟာ ဖရန့်ဖတ်က မာမွတ်ရှ်ကို ပေါင် ၅၉ သန်းနဲ့ ခေါ်ယူခဲ့သလို ဥဇဘတ်ကစ္စတန် နောက်ခံလူ ခူဆာနော့ဗ်နဲ့ ဘရာဇီးလူငယ် နောက်ခံလူ ဗစ်တာရိစ်တို့ကိုလည်း ခေါ်ယူထားတာပါ။ ဒါ့အပြင် စပိန်ကလပ် ဗယ်လာဒိုးလစ် လူငယ်နောက်ခံလူဂျူမာဘက်ကိုလည်း ခေါ်ယူပြီး ပြင်သစ်ကလပ် လန်းစ်အသင်းဆီပြန်လည် အငှားချထားခဲ့ပါတယ်။
Photo-Reuters