မန်စီးတီးအသင်းဟာ နောက်ခံလူ ကိုင်ဝေါ်ကာကို အေစီမီလန်အသင်းဆီ အငှားချဖို့အတွက် သဘောတူညီခဲ့ပါတယ်။
ဝေါ်ကာဟာ အသင်းကနေ ထွက်ခွါခွင့် တောင်းဆိုထားကြောင်း နည်းပြ ဂွါဒီယိုလာက အတည်ပြုခဲ့ပြီး မကြာခင်မှာပဲ အေစီမီလန်အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့တာပါ။
ဝေါ်ကာဟာ ဇန်နဝါရီ ၂၂ ရက်မှာ အေစီမီလန်နဲ့ ဆေးစစ်မှုခံရယူမှာဖြစ်ပြီး အဲဒီနေ့မှာပဲ အငှားစာချုပ် ချုပ်ဆိုမယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းဘက်ကတော့ ဥဇဘက်ကစ္စတန် နောက်ခံလူ ခူဆာနော့ဗ်နဲ့ ဘရာဇီး လူငယ်နောက်ခံလူ ဗစ်တာရိစ် တို့ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားသလို ဖရန့်ဖတ် တိုက်စစ်ကစားသမား အိုမာမာမွတ်ရှ်ကိုလည်း ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။