Home
အားကစား
မန်စီးတီးနှင့် ချန်ပီယံလိဂ်ပွဲအတွက် ရီးရဲလ်အသင်း ခံစစ်ပိုင်း အရေးပေါ်အခြေအနေကြုံနေ
DVB
·
February 5, 2025
Photo-Reuters

မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားသွားရမယ့် ချန်ပီယံလိဂ်ပလေးအော့ဖ်ပွဲစဉ်အတွက် ခံစစ်ပိုင်းအရေးပေါ် အခြေအနေနဲ့ ကြုံနေရတယ်လို့  ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ အန်စလော့တီက ပြောသွားပါတယ်။

စပိန်ထိပ်သီး မက်ဒရစ်ကလပ်ဟာ  ပထမအကျော့ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၁၁ ရက်မှာ မန်စီးတီးကွင်းမှာ လာရောက်ကစားရမှာဖြစ်ပြီး ဖေဖော်ဝါရီ ၁၈ ရက်မှာ အိမ်ကွင်းမှာ ပြန်လည်ကစားရမှာပါ။

အဲဒီပွဲစဉ်တွေမှာ အဓိက နောက်ခံလူရူဒီဂါနဲ့ ဒေးဗစ်အလာဘာ တို့ဒဏ်ရာထပ်ရသွားတာကြောင့် ခံစစ်ပိုင်းမှာ လူငယ်ကစားသမားတွေကိုပဲ ပွဲထုတ်ရဖိုရှိနေတာပါ။

နောက်ခံလူ မီလီတာအိုနဲ့ ကာဗာဟယ် တို့ဟာလည်း ဒဏ်ရာကိုယ်စီရရှိနေတာကြောင့် ပွဲထွက် ကစားနိုင်ခြင်းမရှိချိန်မှာ နောက်ထပ်အမာခံ ခံစစ်မှူး ၂ ယောက်က ဒဏ်ရာထပ်ရခဲ့တာပါ။

ခံစစ်ပိုင်း အရေးပေါ်အခြေအနေကြုံတွေ့နေရပြီး ကွင်းလယ်လူ ချူအာမန်နီနဲ့ လူငယ်ကစားသမားတွေကိုသာ အသုံးပြုသွားရနိုင်ကြောင်း နည်းပြအန်စလော့တီက ပြောပါတယ်။ 

Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013