
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အရည်အသွေးကြောင့် မန်စီးတီးအသင်း ရှုံးပွဲတွေ့တာ သိပ်ပြီး မထူးဆန်းကြောင်း နည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။
မန်စီးတီးဟာ ဖေဖော်ဝါရီ ၁၂ ရက် မနက်ပိုင်းက ကစားသွားတဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်မှာ ၃ ဂိုး ၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။
ဦးဆောင်ဂိုးတွေ နှစ်ကြိမ်တိုင်တိုင် ရခဲ့ပေမဲ့ ရီးရဲလ်မက်ဒရစ်က ချေပဂိုးတွေသွင်းပြီး အနိုင်ဂိုးကိုတော့ ပွဲချိန် ၉၂ မိနစ်မှာ ဘယ်လင်ဂမ်က သွင်းယူခဲ့တာပါ။
အခုနှစ်ရာသီမှာ ဒီလိုရှုံးပွဲတွေ အများကြီး တွေ့ကြုံခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းက အရည်အသွေးမြင့်ပြီး ထူးခြားတဲ့အသင်းဖြစ်တာကြောင့် ရှုံးပွဲတွေ့ခဲ့ရတာ ဖြစ်လေ့ဖြစ်ထ ရှိကြောင်း နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
ရှုံးပွဲအတွက် အားလုံးမှာတာဝန်ရှိပြီး ဒဏ်ရာပြဿနာတွေ ရှိနေတာကိုလည်း နည်းပြ ဂွါဒီယိုလာက ထည့်သွင်းပြောသွားပါတယ်။
ရီးရဲလ်နည်းပြ အန်စလော့တီကတော့ အနိုင်ရခဲ့ပေမဲ့ ဒုတိယအကျော့မှာ ဘာမဆိုဖြစ်နိုင်ကြောင်း ပွဲအပြီးမှာ ပြောသွားပါတယ်။