Home
အားကစား
ချန်ပီယံလိဂ်တွင် ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်းဝတ်စုံ ဝတ်ဆင်ကစားခွင့် ပိတ်ပင်
DVB
·
February 11, 2025
Photo-Reuters

ဥရောပချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်းဝတ်စုံဝတ်ဆင်ကစားခွင့်ပိတ်ပင် ထား ပါတယ်။

ဘိုင်ယန်အသင်းဟာ အခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အိမ်ကွင်း ၄ ပွဲကစားခဲ့ရာမှာ အိမ်ကွင်းဝတ်စုံနဲ့ ကစားခွင့်မရခဲ့ဘဲ အဝေးကွင်းဝတ်စုံနဲ့သာ ကစားခဲ့တာပါ။

အိမ်ကွင်းဂျာစီဝတ်ဆင်ခွင့် မရတာက ကျောနံပါတ်အရောင်နဲ့ အမည်စာလုံးအရောင်တွေ ကြောင့်ဖြစ်ပြီး အနက်ရောင်နဲ့ ရိုက်နှိပ်ထားတဲ့ ကျော်နံပါတ်နဲ့ အမည်စာလုံးတွေဟာ ကြည့်ရှုသူတွေအတွက် လုံလောက်တဲ့ တောက်ပမှု မရှိတာကြောင့်ဖြစ်ကြောင်း ယူအီးအက်ဖ်အေက ထုတ်ပြန်ပါတယ်။

ဘိုင်ယန်အသင်းအနေနဲ့ ကျောနံပါတ်နဲ့ အမည်စာလုံးတွေကို ပြန်လည်ပြင်ဆင်ပြီး ကစားခွင့်ရှိပေမဲ့ အဝေးကွင်းဝတ်စုံနဲ့သာ ဆက်လက်ကစားသွားမယ်လို့ သိရပါတယ်။ 

ဘိုင်ယန်ပရိသတ်တွေကတော့ အသင်းရဲ့ အမှတ်အသားက အနီနဲ့ အဖြူရောင်ဖြစ်တာကြောင့် အနက်ရောင်အသုံးပြုခဲ့တဲ့ဘိုင်ယန် အသင်းအပေါ် ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့ကြပါသေးတယ်။

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013