
စပါးအသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဘိုင်ယန်လူငယ်တိုက်စစ်မှူး မက်သီတဲလ်ကို အငှား စာချုပ်နဲ့ခေါ်ယူနိုင်ခဲ့ပါတယ်။
ကနဦးမှာ စပါးအသင်းရဲ့ကမ်းလှမ်းချက်ကို ကစားသမားဘက်က လက်မခံခဲ့ပေမဲ့ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဆုံးဖြတ်ချက်ပြောင်းလဲပြီး အသင်းပြောင်းဖို့ လက်ခံသဘောတူခဲ့တာပါ။
ရာသီကုန်အထိအငှားစာချုပ်နဲ့ ပြောင်းရွှေ့လာတာဖြစ်ပေမဲ့ ရာသီကုန်မှာ ပေါင် ၄၆ သန်းနဲ့ အပြီးသတ်ခေါ်ယူမှာဖြစ်ပြီး ၆ နှစ်စာချုပ်ချုပ်ဆိုမယ်လို့ သိရပါတယ်။
စပါးအသင်းဟာ ပြင်သစ်ကလပ်လန်းစ်အသင်းရဲ့ နောက်ခံလူ ကီဗင်ဒမ်ဆိုကိုလည်း ခေါ်ယူနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ အဆင့် ၁၄ ရောက်နေတဲ့စပါးအသင်းဟာ တိုက်စစ်နဲ့ ခံစစ်ပိုင်းမှာ ဒဏ်ရာရ ကစားသမားတွေ များနေတာကြောင့် ကစားသမားသစ် ၂ ယောက် ခေါ်ယူခဲ့တာဖြစ်ပါတယ်။
Photo: Reuters