Home
အားကစား
ဘိုင်ယန် တိုက်စစ်မှူး မက်သီတဲလ်ကို ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်တန်းအသင်းများ ကြိုးပမ်း
DVB
·
January 30, 2025
Photo: REUTERS/Thilo Schmuelge

ဘိုင်ယန်မြူးနစ် လူငယ်တိုက်စစ်မှူး မက်သီတဲလ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေက အပြိုင်ကြိုးပမ်းနေကြပါတယ်။

အသက် ၁၉ နှစ်ပဲရှိသေးတဲ့ ပြင်သစ်ကစားသမားဟာ ဇန်နဝါရီ အပြောင်းအရွှေ့ မပိတ်ခင်မှာ ဘိုင်ယန်ကနေ ထွက်ခွါဖို့ရှိပြီး ပရီးမီးယားလိဂ် ထိပ်တန်း ၄ သင်းက ခေါ်ယူဖို့ ကြိုးပမ်းနေကြတာပါ။

ကနဦးမှာ ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ ဆွေးနွေးခဲ့ပြီး အပြီးသတ်ခေါ်ယူနိုင်မှု မရှိသေးချိန်မှာ စပါး၊ အာဆင်နယ်၊ မန်ယူနဲ့ အက်စတန်ဗီလာအသင်းတွေက အပြိုင်ခေါ်ယူဖို့ လုပ်ဆောင်လာခဲ့တာပါ။

မက်သီတဲလ်ဟာ ၂၀၂၂ ခုနှစ်က ပြင်သစ်ကလပ် ရန်းနက်စ်ကနေ ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး  မနှစ်ကရာသီမှာ ၁၀ ဂိုးသွင်း ၆ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024