
စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးလိုက်ပါတယ်။
တောင်ကိုရီးယား တိုက်စစ်မှူးဟာ ၂၀၁၅ ခုနှစ်ကတည်းက ဂျာမန်ကလပ် လီဗာကူဆင်ကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး ပြိုင်ပွဲစုံ ၄၃၁ ပွဲမှာ ၁၆၉ ဂိုး သွင်းယူထားသူပါ။
စပါးအသင်းဟာ ဆွန်ဟောင်မင်ကို စာချုပ်ပါ သဘောတူညီချက်တွေအတိုင်း တနှစ် သက်တမ်းတိုးခဲ့တာဖြစ်ပြီး ၂၀၂၆ ခုနှစ် နွေရာသီရောက်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။
ဆွန်ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလပတ်လုံး အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပြီး အသင်းအတွက် သက်ရောက်မှု အများကြီးလုပ်ဆောင်ပေးခဲ့ကြောင်း၊ အသင်းနဲ့ စာချုပ်သက်တမ်းမကုန်ခင် ဆုဖလားတလုံးရရှိအောင် ကူညီပေးသွားချင်ကြောင်း စပါးနည်းပြ ပိုစ်တီကိုဂလူက ပြောပါတယ်။
Photo-Reuters