
စပါးအသင်းအနေနဲ့ ပြိုင်ဘက်အသင်းတွေလို ကစားသမားအင်အားဖြည့်တင်းဖို့လိုကြောင်း နောက်ခံလူ ရိုမဲရိုးက တိုက်တွန်းသွားပါတယ်။
စပါးအသင်းဟာ လက်ရှိအချိန်မှာ ရလဒ်ကျဆင်းနေပြီး အမှတ်ပေးဇယား အဆင့် ၁၁ အထိရောက်ရှိနေတာပါ။
မန်စီးတီးအသင်းက နှစ်စဉ် အင်အားဖြည့်တင်းနိုင်သလို လီဗာပူး၊ ချဲလ်ဆီးအသင်းတွေဟာလည်း ကစားသမားကောင်းတွေ နှစ်စဉ်ဖြည့်တင်းနေကြပြီး လက်ရှိအချိန်မှာ ရလဒ်ကောင်းရရှိနေတာဟာ အဲဒီလို ရင်းနှီးမြှပ်နှံခဲ့တဲ့ အကျိုးကျေးဇူးဖြစ်ကြောင်း နောက်ခံလူရိုမဲရိုးက ပြောပါတယ်။
စပါးအသင်းအနေနဲ့ လက်ရှိအချိန်မှာ အမှားအယွင်းတွေ လုပ်ဆောင်နေတယ်ဆိုတာ အမှန်အတိုင်း သိမြင်နိုင်ဖို့လိုအပ်ပြီး လမ်းကြောင်းမှန်ပေါ် ရောက်ရှိဖို့ လိုအပ်ကြောင်း အာဂျင်တီးနားနောက်ခံလူ ရိုမဲရိုးက ပြောသွားပါတယ်။
Photo: Reuters