Home
အားကစား
စပါးကို ၃ ဂိုးဖြင့်ရှုံးသည့်ပွဲတွင် အနီကတ်ပြစ်ဒဏ်မဖြစ်သင့်ဟု မန်ယူအသင်းခေါင်းဆောင် ဖာနန်ဒက်စ် ပြော
DVB
·
September 30, 2024
Photo-Reuters

စပါးအသင်းနဲ့ ပွဲစဉ်မှာ အနီကတ်ပြစ်ဒဏ် မဖြစ်သင့်ကြောင်း မန်ယူကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က ဝေဖန်သွားပါတယ်။

မန်ယူနိုက်တက်ဟာ တနင်္ဂနွေနေ့က ကစားသွားတဲ့ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းခေါင်းဆောင် ဖာနန်ဒက်စ် ထုတ်ပယ်ခံခဲ့ရသလို  ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဒီပွဲမှာ ဖာနန်ဒက်စ်ဟာ စပါးကွင်းလယ်လူ မက်ဒီဆန်ရဲ့ ခြေထောက်ကို ဖျက်ထုတ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ပြပြီး ထုတ်ပယ်ခဲ့တာပါ။

အဆိုပါဖြစ်ရပ်ဟာ ပြစ်ဒဏ်ဘောဖြစ်သင့်ပေမဲ့လည်း အနီကတ်ပြသရလောက်တဲ့အထိ မဖြစ်သင့်ကြောင်း၊ မက်ဒီဆန် ကိုယ်တိုင်လည်း အနီကတ်ပြစ်ဒဏ်ပေးလောက်တဲ့အထိတော့ မဖြစ်သင့်ကြောင်း ပွဲအပြီးမှာ ပြန်လည်ပြောကြားခဲ့တယ်လို့ ဖာနန်ဒက်စ်က ပြောပါတယ်။

ဖြစ်ရပ်အသေးစိတ်ကို VAR ဒိုင်လူကြီးက ပြန်လည်ပြင်ဆင်မှု မလုပ်ဆောင်ခဲ့တဲ့ အပေါ်မှာလည်း နားမလည်မိကြောင်း ဖာနန်ဒက်စ်က ပြောပါတယ်။

အနီကတ်ပြသခံရလို့ အသင်းရဲ့ရလဒ် အပြောင်းအလဲ ဖြစ်သွားတဲ့အပေါ် တောင်းပန်ပြီး ၁၀ ယောက်ကျန်နဲ့ တိုက်ခိုက်ကစားခဲ့တဲ့ အသင်းဖော်တွေကို ဂုဏ်ပြုကြောင်း ဖာနန်ဒက်စ်က ပြောသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013