
စပါးအသင်းဟာ မန်ယူတောင်ပံတိုက်စစ်ကစားသမား ဂါနာချိုကိုခေါ်ယူဖို့ မေးမြန်းစုံစမ်းခဲ့တယ် လို့သိရပါတယ်။
စပါးအသင်းမှာတိုက်စစ်မှူး ဆိုလန်ကီအပါအဝင် ဘရန်နန်ဂျွန်ဆင်နဲ့ တီမိုဗာနာတို့ဟာလည်း ဒဏ်ရာရရှိနေတာကြောင့် တိုက်စစ်မှူးသစ်ခေါ်ယူဖို့ လုပ်ဆောင်နေတာပါ။
အစောပိုင်းက ဘိုင်ယန်မြူးနစ်လူငယ်တိုက်စစ်မှူး မက်သီတဲလ်ကိုခေါ်ယူဖို့ ကလပ်နှစ်သင်းကြား သဘောတူညီမူရရှိခဲ့ပေမဲ့ ကစားသမားဖြစ်သူဘက်က စပါးအသင်းဆီ ပြောင်းရွှေ့လိုခြင်း မရှိတာကြောင့် ပယ်ချခဲ့တယ်လို့သိရပါတယ်။
အဲဒီနောက်မှာ ဂါနာချိုကိုခေါ်ယူနိုင်ရေး ဖြစ်နိုင်မယ့်အစီအစဉ်တွေကို မေးမြန်းစုံစမ်းလာခဲ့တာပါ။ မန်ယူအသင်းဘက်ကလဲ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီဖို့ ဂါနာချိုကိုရောင်းချဖို့စီစဉ်ထားပြီး အပြောင်းအရွှေ့မပိတ်ခင်မှာ အပြီးသတ်ဆုံးဖြတ်ချက်ချသွားဖို့ရှိပါတယ်။
Photo: Reuters