Home
အားကစား
ဂါနာချိုကို  ပေါင်သန်း ၆၀ ခန့်ဖြင့် ကမ်းလှမ်းရန် ချဲလ်ဆီး စီစဉ်
DVB
·
January 24, 2025
Photo-Reuters

ချဲလ်ဆီးအသင်းဟာ မန်ယူတောင်ပံကစားသမား ဂါနာချိုအတွက် ပေါင်သန်း ၆၀ လောက်နဲ့ တရားဝင် ကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့တပတ်က ဂါနာချိုကို ခေါ်ယူဖို့ စတင်စုံစမ်းခဲ့ပြီး ကစားသမားရဲ့ အေးဂျင့်ဖြစ်သူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။

လက်ရှိ အချိန်မှာတော့ တရားဝင်ကမ်းလှမ်းမှုအဖြစ် ပေါင်သန်း ၆၀ လောက်နဲ့ စတင် ကမ်းလှမ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မန်ယူအသင်းအနေနဲ့ ငယ်မွေးခြံပေါက်ကစားသမားဖြစ်သူ ဂါနာချိုကို ရောင်းချမယ်ဆိုရင် ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းကန့်သတ်ချက်နဲ့ အဆင်ပြေသွားနိုင်တာကြောင့် ရောင်းချဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဂါနာချိုအတွက် အီတလီကလပ် နာပိုလီအသင်းကလည်း  ပေါင်သန်း ၅၀ ဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့ပြီး ချဲလ်ဆီးအသင်းနဲ့ အပြိုင်ခေါ်ယူ သွားရဖို့ ရှိပါတယ်။ 

Photo: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024