နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းတသင်းကသာ တတ်နိုင် ကြောင်း တိုက်စစ်မှူးဟောင်း အလန်ရှီးယားက သုံးသပ်သွားပါတယ်။
အီဆက်ခ်ကိုခေါ်ယူဖို့ အာဆင်နယ်အပါအဝင် တခြားအသင်းတွေကလည်း စိတ်ဝင်စားနေပေမဲ့ နယူးကာဆယ်ဘက်က ဗြိတိသျှ စံချိန်တင်ပြောင်း ရွှေ့ကြေးဖြစ်တဲ့ ပေါင် ၁၁၅ သန်း ကျော်အထိ ဈေးခေါ်ထားတာပါ။
ဒီလိုအခြေအနေမှာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းကန့်သတ်ချက်တွေအရ အာဆင်နယ်အသင်း ခေါ်ယူနိုင်မှာမဟုတ်တာကြောင့် ချဲလ်ဆီးအသင်းကသာ ခေါ်ယူဖို့ တတ်နိုင်ကြောင်း အလန်ရှီးယားက ပြောပါတယ်။
နယူးကာဆယ်အသင်းဘက်ကလည်း အီဆက်ခ်ကို ရောင်းချဖို့ စိတ်ကူးမရှိဘဲ ပေါင်သန်း ၁၂၀ ဝန်းကျင်ရမှသာ လက်ခံစဉ်းစားသွားမယ်လိုသိရပါတယ်။
ဆွီဒင်တိုက်စစ်မှူးဟာ ကာဆယ်နဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ် သက်တမ်းကျန်ရှိနေပြီး စုစုပေါင်း ၈၉ ပွဲမှာ ဂိုး ၅၀ သွင်းယူထားပါတယ်။
Photo-Reuters