Home
အားကစား
ချန်ပီယံဆုအတွက် ဘာမဆိုဖြစ်နိုင်သေးကြောင်း တိုက်စစ်မှူးဟောင်း အလန်ရှီးယားသုံးသပ်
DVB
·
December 26, 2024
Photo : Reuters

ချန်ပီယံဆုအတွက် ဘာမဆိုဖြစ်နိုင်သေးကြောင်း အင်္ဂလန်နဲ့ နယူးကာဆယ်တိုက်စစ်မှူးဟောင်း အလန်ရှီးယားက သုံးသပ်သွားပါတယ်။

ပရီးမီးယားလိဂ် ရာသီဝက်ကာလအထိ လီဗာပူးအသင်းက ပြိုင်ဘက်တွေကို အမှတ်ဖြတ် ဦးဆောင်ထားပေမဲ့ ပွဲစဉ်တွေ အများကြီးရှိသေးတဲ့အတွက် ဘာမဆိုဖြစ်နိုင်သေးတဲ့အကြောင်း အလန်ရှီးယားက ပြောခဲ့တာပါ။

လီဗာပူးအသင်းဟာ အကောင်းဆုံးစွမ်းဆောင်ရည် ပြသနေပြီး ပွဲထွက်ကစားသမားတွေအပြင် အရန်ကစားသမားတွေကလည်း ပွဲကို အဆုံးအဖြတ်ပေးနိုင်သူတွေဖြစ်တယ်လို့ အလန်ရှီးယားက ချီးကျူးပါတယ်။

ဒါပေမဲ့ ဘုန်းမောက်၊ နော်တင်ဟမ်ဖောရက်နဲ့ ချဲလ်ဆီးတို့က ထင်မှတ်မထားတာတွေ လုပ်ဆောင်ပြနေပြီး လီဗာပူးအသင်းကိုယ်တိုင်လည်း နည်းပြသစ်လက်ထက်မှာ မထင်မှတ်တာတွေ လုပ်ပြနေတာဖြစ်လို့ ချန်ပီယံဆုအတွက် မထင်မှတ်တာတွေ ဖြစ်လာနိုင်သေးကြောင်း အလန်ရှီးယားက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013