အာဆင်နယ်အသင်းအနေနဲ့ ချန်ပီယံပြေးလမ်းထဲ ပြန်ရောက်လာပြီဖြစ်ကြောင်း နည်းပြ အာတေတာက ပြောသွားပါတယ်။
ခရစ္စတယ်ပဲလေ့ကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်အပြီးမှာ ပရီးမီးယားလိဂ်ချန်ပီယံ မျှော်လင့်ချက်နဲ့ ပတ်သက်လို့ ချန်ပီယံပြေးလမ်းထဲ ပြန်လာနိုင်ခဲ့ပြီဖြစ်ကြောင်း နည်းပြ အာတေတာက မှတ်ချက်ပေးခဲ့တာပါ။
ချန်ပီယံဆုကို ရယူချင်ပေမဲ့ ပုံမှန်ခြေစွမ်းကို ၁၀ လလောက် ထိန်းသိမ်းနိုင်ဖို့ လိုအပ်ကြောင်း၊ ခရီးတဝက်တောင် မရောက်သေးပေမဲ့ ချန်ပီယံဖြစ်ဖို့ သေချာပေါက် ကြိုးပမ်းသွားမှာဖြစ်ကြောင်း နည်းပြ အာတေတာက ပြောပါတယ်။
အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယား ထိပ်ဆုံးက လီဗာပူးထက် ၂ ပွဲပိုကစားထားတဲ့ အခြေအနေမှာ ရမှတ် ၃ မှတ်ကွာဟနေဆဲ ဖြစ်ပါတယ်။