အဲဗာတန်နဲ့ပွဲမှာ ခြေစွမ်းအသာစီးကစားပြီး အနိုင်မရခဲ့တဲ့အပေါ် အာဆင်နယ်နည်းပြ အာတေတာက စိတ်ပျက်စကားဆိုသွားပါတယ်။
အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ အဲဗာတန်နဲ့ပွဲမှာ ပွဲစဉ်တခုလုံး ထိန်းချုပ်ကစားနိုင်ခဲ့ပြီး အဲဗာတန်အသင်းဘက်က ဂိုးပေါက်ကန်ချက် ၂ ကြိမ်ပဲ ခွင့်ပြုခဲ့ရတာပါ။
ကန်သွင်းချက် ၁၃ ကြိမ်ရှိခဲ့ပေမဲ့ ဂိုးမရခဲ့တဲ့အပေါ် နည်းပြအာတေတာက အလွန် စိတ်ပျက်မိကြောင်းဝန်ခံခဲ့ပြီး ပွဲစဉ်တလျှောက်လုံး ထိန်းချုပ်ကစားနိုင်ခဲ့တာကြောင့် အနိုင်ရဖို့ ထိုက်တန်ကြောင်း အာတေတာက ပြောပါတယ်။
အာဆင်နယ်ဟာ အဲဗာတန်နဲ့ သရေရလဒ်သာ ကစားနိုင်ခဲ့လို့ လီဗာပူးရဲ့ သရေပွဲအပေါ် အခွင့်အရေးမယူနိုင်ခဲ့တာပါ။
ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် သရေကျခဲ့တဲ့အပေါ် နည်းပြအာတေတာကို ဝေဖန်မှုတွေလည်း ရှိလာခဲ့ပါတယ်။