မာဆေးဆိုဒ်ဒါဘီပြိုင်ဘက် အဲဗာတန်နဲ့ပွဲစဉ်မှာ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ရင်ဆိုင်ယှဉ်ပြိုင်ဖို့ လိုအပ် ကြောင် လီဗာပူးနည်းပြးနဲ စလော့ကပြောပါတယ်။
လီဗာပူးအသင်းဟာအ ခုတပတ်ပရီးမီးယားလိဂ်မှာ မြို့ခံပြိုင်ဘက် အဲဗာတန်နဲ့ ရင်ဆိုင်ရမှာပါ။ အဲဒီပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပွဲစဉ်ဇယားရေးဆွဲမှုနဲ့ ပတ်သက်လို့ ကိစ္စမရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ပါးရည်နပ်ရည်ရှိတဲ့ နည်းလမ်းနဲ့ တိုက်ရည်ခိုက်ရည်စိတ်ရှိဖို့ လိုအပ်ကြောင်း နည်းပြ စလော့ကပြောပါတယ်။
လီဗာပူးအသင်းမှာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်မှူး ဒီယေဂိုဂျိုတာနဲ့ တောင်ပံကစားသမား ချီယေဇာတို့က လေ့ကျင့်ခန်းပြန်ဆင်းနေပြီး ယူ -၂၁ အသင်းပွဲစဉ်မှာ ပါဝင်ကစားခဲ့တယ်လို့သိရပါတယ်။