အာနိုးလ်နေရာအတွက် လီဗာကူဆင်မှ ဖရင်ပေါင်နှင့် အစားထိုးရန် လီဗာပူးပစ်မှတ်ထား
DVB
·
December 6, 2024
လီဗာပူးအသင်းဟာ နောက်ခံလူ အာနိုးလ်ရဲ့ ညာနောက်ခံနေရာအတွက် လီဗာကူဆင်က ဖရင်ပေါင်နဲ့ အစားထိုးဖို့ ပစ်မှတ်ထားနေပါတယ်။
အာနိုးလ်ကိုခေါ်ယူဖို့ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားလာချိန်မှာ လီဗာပူးဘက်ကလည်း အစားထိုးနိုင်မယ့် ကစားသမားကို ကြိုတင်ပစ်မှတ်ထားလာခဲ့တာပါ။
စကိုင်းစပေါ့ ဆွစ်ဇာလန်ရဲ့ ဖော်ပြချက်အရ ကစားသမားဖြစ်သူဟာလည်း လီဗာပူးဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး လီဗာကူဆင်အသင်းရဲ့ သဘောဆန္ဒကသာ အဓိကကျနေပါတယ်။
လီဗာကူဆင်ဘက်ကတော့ အသက် ၂၄ နှစ်ရှိ ဟော်လန်နောက်ခံလူအတွက် ပေါင်သန်း ၅၀ ခန့် အလိုရှိနေတယ်လို့ သိရပါတယ်။