
လီဗာပူးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ လှောင်ပြောင်ခဲ့ကြတဲ့ လီဗာပူး ပရိသတ်တွေကို နည်းပြဂွါဒီယိုလာက လက် ၆ ချောင်းထောင်ပြီး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
လီဗာပူးပရိသတ်တွေဟာ ဂွါဒီယိုလာကို ထုတ်ပယ်ခံရတော့မယ်ဆိုပြီး အော်ဟစ် လှောင်ပြောင်ခဲ့ကြတာပါ။
ဂွါဒီယိုလာက ပရီးမီးယားလိဂ်ချန်ပီယံ ၆ ကြိမ် ရရှိထားတယ်ဆိုတဲ့ သဘောနဲ့ လက် ၆ ချောင်း ထောင်ပြီး ပြန်လည်တုံ့ပြန်ခဲ့တာပါ။
ကွင်းထဲကပရိသတ်တွေက ထုတ်ပယ်ခံရဖို့ အလိုရှိနေခဲ့ကြပြီး ရလဒ်ပိုင်းအရ ထုတ်ပယ်ခံရသင့်တာ မှန်ပေမဲ့လည်း အဲဒီလို လှောင်ပြောင်ကြမယ်လို့ မမျှော်လင့်ခဲ့ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးအသင်းအနေနဲ့ ရာသီကြိုပြင်ဆင်မှု မလုပ်ဆောင်ခဲ့ရသလို ဒဏ်ရာပြဿနာတွေ ရှိခဲ့ကြောင်း၊ လက်ရှိအခြေအနေတွေကနေ တွန်းလှန်နိုင်မယ်ဆိုတာ သိရှိနားလည်ထားကြောင်းလည်း နည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။