ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ခဲ့တယ်လို့ ပြောဆိုမှုအပေါ် မန်စီးတီးနည်းပြဂွါဒီယိုလာက ပရိသတ်တွေကို တောင်းပန်စကားဆိုသွားပါတယ်။
နည်းပြဂွါဒီယိုလာဟာ ဖီယင်နုနဲ့ ၃ ဂိုး စီသရေ ကျတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဒေါသထွက်ခဲ့တာကြောင့် သူရဲ့ ဦးခေါင်းနဲ့ မျက်နှာတွေကို လက်သည်းနဲ့ ခြစ်ခဲ့တာပါ။
ပွဲအပြီးအင်တာဗျူးမှာတော့ လက်သည်း ခြစ်ရာတွေဟာ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ခဲ့တာဖြစ်ကြောင်း ဂွါဒီယိုလာကပြန်လည်ဖြေ ကြားခဲ့တာပါ။
သူ့ရဲ့မှတ်ချက်စကားက နေ့စဉ် ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့တခြားသော လူပုဂ္ဂိုလ်တွေအတွက် ထိခိုက်မှု ရှိနိုင်တာကြောင့် ဂွါဒီယိုလာက တာင်းပန်စကားဆိုသွားခဲ့တာပါ။
နည်းပြဂွါဒီယိုလာဟာ မန်စီးတီးနဲ့ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲ ရှုံး ၁ ပွဲသရေရလဒ်သာ စွမ်းဆောင်နိုင်ခဲ့ပြီး လာမယ့် တပတ်မှာလည်း အမှတ်ပေးဇယားဦးဆောင်နေတဲ့ လီဗာပူးနဲ့ ထိပ်တိုက်တွေ့ဆုံမှာ ဖြစ်ပါတယ်။
Photo-Reuters