လီဗာပူးအသင်းဟာ နောက်ခံလူဗန်ဒိုက်ကို စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းလိုက်တယ်လို့ သတင်း ထွက်ပေါ်လာပါတယ်။
အသက် ၃၃ နှစ်ရှိဟော်လန်နောက်ခံလူဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက် တမ်းကုန်ဆုံးမှာဖြစ်ပြီး လီဗာပူးအသင်းက အသင်းမှာဆက်ရှိဖို့ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း The Athletic သတင်းမှာ ဖော်ပြပါတယ်။
သက်တမ်းတိုးဖို့ ဆွေးနွေးမူဟာ နောက်ဆုံးအဆင့်အထိမရောက်သေးပေမဲ့ လီဗာပူးဘက်က သက်တမ်းတိုးနိုင်မယ်လို မျှော်လင့်ထားတာပါ။
အလားတူ အနာဂတ် မရေမရာဖြစ်နေတဲ့ တောင်ပံတိုက်စစ်မှူး မိုဆာလာကိုလည်း စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။