ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အလွန်ခက်ခဲလိမ့်မယ်လို့ လီဗာပူးနည်းပြ အာနဲစလော့က ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ ပွဲစဉ် ၁၆ ပွဲ ကစားအပြီးမှာ ဒုတိယနေရာက ချဲလ်ဆီးကို ၄ မှတ်ဖြတ်ပြီး ဦးဆောင်နေတာပါ။
ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့က အလွန်ခက်ခဲမှာဖြစ်ပြီး ရာသီဝက် ပွဲစဉ် ၁၉ ပြီးမှသာ အဆင့် တစ်နေရာမှာ ဘယ်အသင်းရှိမလဲဆိုတာ သိရမယ်လို့ နည်းပြစလော့က ပြောပါတယ်။
အမှတ်ပေးလိဂ် ချန်ပီယံဖြစ်ဖို့အတွက် အစစအရာရာ ကောင်းမွန်နေဖို့ လိုအပ်ပြီး လက်ရှိ စွမ်းဆောင်ရည်နဲ့ ရလဒ်ကောင်းတွေကို ၂၀၂၅ ခုနှစ်မှာ ဆက်ထိန်းနိုင်ဖို့ မျှော်လင့်ကြောင်း နည်းပြ စလော့က ပြောသွားပါတယ်။