ချဲလ်ဆီးအသင်းဟာ ခရစ္စတယ်ပဲလေ့က အင်္ဂလန်လက်ရွေးစင်နောက်ခံလူ မာ့ဂူယီကို ပြန်လည်ခေါ်ယူဖို့ စီစဉ်နေပါတယ်။
ပြီးခဲ့တဲ့တပတ်က ကစားခဲ့တဲ့ ပဲလေ့နဲ့ပွဲစဉ်မှာ ဗဟိုနောက်ခံလူတွေ ဒဏ်ရာရနေတာကြောင့် အသက် ၁၈ နှစ်ပဲရှိသေးတဲ့ လူငယ်နောက်ခံလူ အိုက်ခရမ်ပေါင်ကို ပွဲထွက်အသုံးပြုခဲ့ရတာပါ။
မာ့ဂူဟီဟာ ပဲလေ့နဲ့ ၁၈ လ စာချုပ်သက်တမ်းသာ ကျန်ရှိတော့ပြီး နယူးကာဆယ်အသင်းကလည်း ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။
ချဲလ်ဆီးအကယ်ဒမီထွက် နောက်ခံလူဟာ ၂၀၁၉-၂၀၂၀ ရာသီက အသင်းကြီးအတွက် ၂ ပွဲသာ ကစားပေးခဲ့ပြီးနေက် ဆွမ်ဆီး၊ ခစ္စတယ်ပဲလေ့အသင်းတွေမှာ ပြောင်းရွှေ့ကစားခဲ့သူ ဖြစ်ပါတယ်။
Photo-Reuters