
တိုက်စစ်မှူးဟာလန်းရဲ့ ဒူးဒဏ်ရာ စိုးရိမ်စရာမလိုအပ်ကြောင်း မန်စီးတီးနည်းပြပတ်ဂွါဒီယိုလာက ပြောသွားပါတယ်။
ဟာလန်းဟာ နယူးကာဆယ်ကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့လို့ ပွဲချိန် ၈၅ မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။
နည်းပြဂွါဒီယိုလာကတော့ ဟာလန်းရဲ့ ဒဏ်ရာပြင်းထန်မှာကို စိုးရိမ်ခဲ့ကြရပေမဲ့ ပြင်းထန်မှု မရှိတာကြောင့် စိုးရိမ်စရာမလိုအပ်တော့ကြောင်း ပွဲအပြီးမှာ ပြောပါတယ်။
အသင်းခေါင်းဆောင် ဒီဘရိုင်း မကစားနိုင်ချိန်မှာ တိုက်စစ်မှူးဟာလန်းကို အသင်းခေါင်းဆောင် လက်ပတ်ပေးဖို့ အစီအစဉ်ရှိကြောင်းလည်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။