Home
အားကစား
မန်ယူအသင်း၏  စီမံခန့်ခွဲမှုစနစ် လွဲမှားမှုကို နောက်ခံလူဟောင်း ဗာရန်း ဝေဖန်
DVB
·
February 21, 2025
Photo : Reuters

မန်ယူအသင်းရဲ့ စီမံခန့်ခွဲမှုစနစ် လွဲမှားမှုကို အသင်းနောက်ခံလူဟောင်း ရာဖေးလ်ဗာရန်းက ဝေဖန်ပြစ်တင်သွားပါတယ်။

ပြင်သစ်နောက်ခံလူဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ မန်ယူအသင်းမှာ ၃ ရာသီကြာ ကစားခဲ့ပြီး အသင်းဟောင်းရဲ့ စီမံခန့်ခွဲမှုစနစ် အဆင်မပြေတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ဝေဖန်သွားခဲ့တာပါ။

မန်ယူအသင်းမှာ ကစားသမားသစ်ခေါ်ယူရေး၊ ကစားပုံနဲ့ ဆက်ဆံရေးကိစ္စတွေကို ဘယ်သူကနေ ဘယ်လိုလုပ်ဆောင်နေလဲဆိုတာ ရှင်းလင်းတိကျမှု မရှိကြောင်း၊ ဒီလိုစီမံခန့်ခွဲမှုစနစ်က ပြဿနာတခု ပေါ်ပေါ်လာချိန်မှာ ဘယ်သူ့အမှားလဲ ဆိုတာလည်း မသိနိုင်တော့ကြောင်း ဗာရန်းက ပြောပါတယ်။

ဆုံးဖြတ်ချက်တွေ လုပ်ဆောင်ရာမှာလည်း လူများပြီး ပွဲမစည်သလိုဖြစ်နေလို့ ဘယ်သူက အဆုံးအဖြတ် ပေးနိုင်သူလဲဆိုတာ မသိရှိကြောင်း၊ အဲဒီအချက်တွေက ရီးရဲလ်မက်ဒရစ်အသင်းမှာလို စနစ်ကျတဲ့ စီမံခန့်ခွဲမှု မရှိတာကို မြင်တွေ့ရကြောင်း ဗာရန်းက ဝေဖန်သွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024