
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဟွိုက်လန်း ဂိုးမသွင်းနိုင်တဲ့ အချက်တချက်ကို နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ထောက်ပြသွားပါတယ်။
ဒိန်းမတ်တိုက်စစ်မှူးဟာ မန်ယူအသင်းရဲ့ နောက်ဆုံး ၁၆ ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ခဲ့ဘဲ ပရီးမီးယားလိဂ် ၂၁ ပွဲမှာ ၂ ဂိုးပဲ သွင်းယူနိုင်ခဲ့တာပါ။
တိုက်စစ်မှူးတယောက်အနေနဲ့ ယုံကြည်မှုရှိနေဖို့ လိုအပ်သလို ဟွိုက်လန်းအနေနဲ့ မှားယွင်းစွာ လုပ်ဆောင်နေတာက ပြိုင်ဘက်ခံစစ်မှူးတွေနဲ့ အမြဲတမ်းတိုက်ခိုက်နေပြီး လူကပ်ခံနေရတာကြောင့် ဖြစ်တယ်လို့ ဖာဒီနန်က ပြောပါတယ်။
တခါတလေမှာ လူကပ်ခံရမှုကနေ ရုန်းထွက်မှသာ ဘောလုံးရယူတာနဲ့ ပြိုင်ဘက်ဂိုး ဧရိယာအတွင်းမှာ လှုပ်ရှားရတာ မိုပိုလွယ်ကူစေမှာဖြစ်ကြောင်း ဖာဒီနန်က ပြောပါတယ်။
အဲဗာတန် တိုက်စစ်မှူးဟောင်း ဒက်ကန်ဖာဂူဆန်ကတော့ တိုက်စစ်မှူးတယောက်ဟာ ဘောလုံးနဲ့ အဝေးမှာ နေရာမယူဘဲ ဘောလုံးဆီပဲ လာယူနေမယ်ဆိုရင် ဂိုးသွင်းနိုင်မှာမဟုတ်ကြောင်း သုံးသပ်သွားပါတယ်။