
မန်ယူအသင်းဟာ ကွင်းတွင်း၊ ကွင်းပြင် နှစ်ခုစလုံးမှာ မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်နေပြီဖြစ်ကြောင်း နည်းပြ ရူဘင်အာမိုရင်က ပြောသွားပါတယ်။
အသင်းရဲ့ ရလဒ်ပိုင်း ကျဆင်းနေသလို ကွင်းပြင်ကိစ္စရပ်တွေမှာလည်း ဝန်ထမ်း ၂၀၀ ကျော်ကို အလုပ်လျှော့ချခဲ့ပြီးနောက်မှာ မန်ယူအသင်းအနေနဲ့ ကွင်းတွင်း၊ ကွင်းပြင် နှစ်ခုစလုံးမှာ ကျရူံးမှုတွေ ရှိနေပြီဆိုတဲ့ဝေဖန်ချက်တွေအပေါ် နည်းပြအာမိုရင်က ပြန်လည်ချေပခဲ့တာပါ။
မန်ယူအသင်းမှာ ရှင်းလင်းနေတဲ့ လမ်းကြောင်းမှန်ပေါ်ကို ရောက်ရှိနေတာက ကောင်းမွန်တဲ့အချက်ဖြစ်ပြီး လက်ရှိအချိန်မှာ ခက်ခဲတဲ့အခြေအနေဖြစ်နေပေမဲ့ အနာဂတ်မှာတော့ ရလဒ်ကောင်းတွေ ပြန်လည်ရရှိမှာဖြစ်ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
၃ လအတွင်းမှာ ရလဒ်ကောင်း မရသေးလို့ နည်းပြကောင်းတယောက်လို့ ပြောဖို့ခက်ပေမဲ့ ဒီလို အခြေအနေတွေက ပိုကောင်းတဲ့ နည်းပြဖြစ်စေနိုင်ကြောင်းလည်း နည်းပြအာမိုရင်က ပြောသွားပါတယ်။