
လူစားလဲခံရပြီးနောက် ကွင်းထဲကနေ ထွက်သွားတဲ့ ဂါနာချိုနဲ့ ဆွေးနွေးသွားရမယ်လို့ မန်ယူနည်းပြ အာမိုရင်က ပြောပါတယ်။
မန်ယူအသင်းဟာ အစ်ဆွစ်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ဘယ်နောက်ခံလူ ဒေါ်ဂူ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဂါနာချိုကို လူစားလဲခဲ့တာပါ။
အာဂျင်တီးနားကစားသမားဟာ ကွင်းထဲကနေ ထွက်ခွါချိန်မှာ အရန်ခုံတန်းဆီမသွားဘဲ အဝတ်လဲခန်းဆီ တိုက်ရိုက်ထွက်သွားခဲ့တာပါ။
ဂါနာချိုနဲ့ပတ်သက်လို့ လက်ရှိအချိန်မှာ ပြောဆိုနိုင်တာက ဆွေးနွေးညှိနှိုင်းသွားဖို့ဖြစ်ပြီး နောက်ထပ် သတင်းစာရှင်းလင်းပွဲတခုမှာ မေးမြန်းချင်ရင်လည်း ထပ်မံဖြေကြားပေးမှာ ဖြစ်ကြောင်း သတင်းထောက်တယောက်ရဲ့ အမေးကို နည်းပြအာမိုရင်က ပြန်လည်ဖြေကြားခဲ့တာပါ။
နိုင်ပွဲနဲ့ပတ်သက်လို့ တယောက်လျော့ကစားခဲ့ရပေမဲ့ ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ပြီး မန်ယူအသင်းက အနိုင်ရလဒ်နဲ့ ထိုက်တန်ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။
Photo: Reuters