
မန်ချက်စတာယူနိက်တက်အသင်းအနေနဲ့ အတိတ်ကာလမှာ ငွေကြေးသုံးစွဲမှုများခဲ့လို့ လက်ရှိအချိန်မှာ ဘဏ္ဍာရေးပိုင်း စိစစ်သုံးစွဲနေရတယ်လို့ နည်းပြအာမိုရင်က ဝန်ခံပြောသွားပါတယ်။
မန်ယူနိုက်တက်ဟာ ဆဲလ်အဲလက်စ်ဖာဂူဆန် အနားယူပြီးနောက်ပိုင်း ၂၀၁၃ ခုနှစ်ကနေ လက်ရှိအချိန်အထိ အပြောင်းအရွှေ့မှာ ပေါင် ၁ ဒသမ ၂ ဘီလီယံကျော် ငွေကြေးသုံးစွဲခဲ့တာပါ။
အန်တိုနီ၊ ဆန်ချို၊ ကတ်စမီရိုတို့လို ကစားသမားတွေအတွက်လည်း ပေါင်သန်း ၂၂၀ ကျော် သုံးစွဲခဲ့ရပေမဲ့ အသင်းမှာ အံမဝင်ဘဲဖြစ်နေတာကြောင့် ပိုမိုအခက်တွေ့ခဲ့ရတာပါ။
အတိတ်ကာလမှာ ငွေသုံးများခဲ့လို့ လက်ရှိအချိန်မှာ လိုချင်တဲ့အတိုင်း တည်ဆောက်လို့ မရနိုင်သေးကြောင်း၊ ချန်ပီယံလိဂ်ဝင်ခွင့် မရတော့လို့လည်း ဝင်ငွေကျဆင်းရကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
အသင်းဝန်ထမ်းတွေဟာလည်း အလုပ်လက်မဲ့ဖြစ်လာနေပြီး နည်းပြနဲ့ ကစားသမားတွေအနေနဲ့ လျစ်လျူရှုမထားသင့်ဘဲ အသင်းကို ပုံစံကောင်းပြန်ရဖို့ ကြိုးပမ်းကြရမှာဖြစ်ကြောင်း နည်းပြ အာမိုရင်က ပြောသွားပါတယ်။