
တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို မိမိလိုချင်တဲ့ကစားပုံရဖို့ မလေ့ကျင့်ပေးနိုင်ခဲ့ကြောင်း နည်းပြအာမိုရင် ကပြောသွားပါတယ်။
အင်္ဂလန်တိုက်စစ်မှူး နည်းပြအာမိုရင်နဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ဗီလာအသင်းဆီကို ကနဦးအငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။
မိမိလိုချင်တဲ့ကစားပုံရဖို့ ရက်ရှ်ဖို့ဒ်ကို မလေ့ကျင့်ပေးနိုင်ခဲ့ကြောင်းနဲ့ ကောင်းမွန်တဲ့ကစားသမား တယောက်ဖြစ်လို့ နည်းပြသစ်အူနိုင်းအမ်မရီ လက်အောက်မှာတော့ အကောင်းဆုံးခြေစွမ်း ပြသနိုင်ပါစေကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
ဘောလုံးမှာ ကစားသမားတယောက်က နည်းပြတယောက်လက်အောက်မှာ အဆင်မပြေနိုင်လည်း တခြားနည်းပြတယောက် လက်အောက်မှာတော့ ကွဲပြားခြားနားနိုင်ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
ရာသီအကုန်မှာ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ကို ပြန်လည်ခေါ်ယူနိုင်မလားဆိုတဲ့မေးခွန်းအပေါ်မှာတော့ လက်ရှိ အသင်းလူစာရင်းအပေါ်မှာပဲ အာရုံစိုက်ထားကြောင်း ပြန်လည်ဖြေကြားသွားပါတယ်။
Photo: Reuters