Home
အားကစား
အက်စတန်ဗီလာဆီ ပြောင်းရွှေ့ရန် ဆုံးဖြတ်ချက် လွယ်ကူခဲ့ဟု ရက်ရှ်ဖို့ဒ် ပြော
DVB
·
February 3, 2025
Photo: Reuters

အက်စတန်ဗီလာအသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် လွယ်ကူခဲ့ကြောင်း တိုက်စစ်မှူး မားကပ်ရက်ရှ်ဖို့ဒ်က ပြောသွားပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ မန်ယူအသင်းမှာ အဆင်မပြေ ဖြစ်လာခဲ့ပြီးနောက် ဗီလာအသင်းဆီ ရာသီဝက် အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။

အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့တဲ့အပေါ် နှစ်ဖက်အသင်းတွေကို ကျေးဇူးတင်ရှိကြောင်း၊  တခြားအသင်းတွေရဲ့ ကမ်းလှမ်းချက်တွေ ရရှိခဲ့ပေမဲ့လည်း ဗီလာအသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် လွယ်ကူခဲ့ကြောင်း ရက်ရှ်ဖို့ဒ်က ပြောပါတယ်။

အခုနှစ်ရာသီမှာ အက်စတန်ဗီလာအသင်းရဲ့ ကစားပုံဟာ ချီးကျူးစရာကောင်းပြီး၊ ရည်မှန်းချက်ရှိတဲ့ နည်းပြလည်း ရှိနေကြောင်း၊ ဘောလုံး ပြန်ကစားချင်ပြီး အသင်းသစ်နဲ့ အတူ ပွဲထွက်ကစားဖို့ စိတ်လှုပ်ရှားမိကြောင်း ရက်ရှ်ဖို့ဒ်က ပြောသွားပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၃ ရက်နောက်ပိုင်း မန်ယူအသင်း လူစာရင်းမှာ မပါဝင်တော့တာကြောင့် ဘောလုံးကစားခွင့် မရတာ တလခွဲလောက် ကြာမြင့်ခဲ့တာပါ။

အငှားစာချုပ်မှာ ဗီလာဘက်က ရာသီအကုန်မှာ ပေါင်သန်း ၄၀ နဲ့ အပြီးသတ်ခေါ်ယူနိုင်မဲ့ သဘောတူညီမှုလည်း ပါဝင်တယ်လို့ သိရပါတယ်။

အသင်းပြောင်းဖို့ရှိနေတဲ့ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ဟာ စနေနေ့က မန်ယူအသင်းဖော်တွေကို နှုတ်ဆက်ခဲ့တယ်လို့ သတင်းထွက်လာပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013