ချဲလ်ဆီးနောက်ခံလူ ဒီဆာဆီဟာ အက်စတန်ဗီလာအသင်းဆီ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီလိုက်တယ်လို့ သိရပါတယ်။
ပြင်သစ်နောက်ခံလူဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကမှ ပေါင် ၃၈ သန်းခွဲနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး နည်းပြ မာရက်စ်ကာ လက်ထက်မှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေသူပါ။
နည်းပြ မာရက်စ်ကာဟာ ဒဏ်ရာရကစားသမားတွေ ရှိလာတဲ့အချိန်မှာတောင် လူငယ်နောက်ခံလူ အိုက်ခီယန်ပေါင်နဲ့ အငှားချထားတဲ့ နောက်ခံလူ ချာလိုဘတ်ကို ပြန်လည်ခေါ်ယူ အသုံးပြုခဲ့ပြီး ဒီဆာဆီကို အသုံးမပြုဘဲ ထားခဲ့တာပါ။
ဒီအခြေအနေကြောင့် အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ ဒီဆာဆီဟာ ဗီလာနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီခဲ့ပြီး နှစ်ဖက်အသင်းတွေကြားမှာ သဘောတူညီမှုရရှိဖို့သာ လိုအပ်တော့တယ်လို့ သိရပါတယ်။