အမှားများလာတဲ့ ဂိုးသမားဆန်းချက်ဇ်ကို အပြောင်းအလဲပြုလုပ်သွားနိုင်ကြောင်း ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ပြောသွားပါတယ်။
စပိန်ဂိုးသမားဟာ မန်စီးတီးကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အမှားတခုလုပ်ခဲ့ပြီး ဟာလန်းရဲ့သွင်းဂိုးကို ခွင့်ပြုခဲ့ရတာပါ။ ဆန်းချက်ဇ်ဟာ အခုနှစ်ရာသီမှာ ဂိုးပေးခဲ့ရတဲ့ အမှား ၅ ကြိမ်အထိ ရှိသွားပြီဖြစ်တာကြောင့် လာမဲ့တပတ်မှာ အခြေအနေအရပ်ရပ်ကို စောင့်ကြည့်ပြီး ပွဲထွက်ခွင့်ပေးမလားဆိုတာ ဆုံးဖြတ်ချက်ချမယ်လို့ နည်းပြမာရက်စ်ကာ က ပြောပါတယ်။
ရောဘတ်ဆန်းချက်ဇ် ကိုယ်တိုင်ကလည်း သူ့ဘက်က အကောင်းဆုံးလုပ်နိုင်သင့်တယ်ဆိုတာ သိရှိနားလည်ထားကြောင်းလည်း နည်းပြမာရက်စ်ကာက ပြောသွားပါတယ်။
ချဲလ်ဆီးမှာ အရန်ဂိုးသမားတွေအနေနဲ့ ဒိန်းမတ်ဂိုးသမား ဂျော်ဂျင်ဆန်၊ အင်္ဂလန်ဂိုးသမား ဘက်တင်နယ်လီတို့ ရှိနေပါတယ်။